တမန်တော်နေ့အခမ်းအနား အားအသုံးချပြီး NLD အစိုးရကို တိုက် ခိုက်သည့်လုပ်ရပ်များရှိနေဟု ခလီဖာ ဦးသိန်းဝင်းအောင်ပြော

မန္တလေး၊ ဒီဇင်ဘာ ၃

မြေးချစ်ညို

 

တမန်တော်နေ့အခမ်းအနား ပြုလုပ်ရာတွင် လူစုလူဝေးဖြင့် လှည့် လည်သွားလာခွင့်ကိုဒီမိုကရေစီအစိုးရ သစ်လက်ထက်တွင်ခွင့်ပြုချက်မရရှိ သော်လည်း လာမည့်နှစ်တွင် လှည့် လည်ခွင့်ရရန်အတွက် တင်ပြတောင်း ခံသွားမည်ဖြစ်ကြောင်း ဃရာနာ ပရမတ္တမိသားစုမှ ဂိုဏ်းချုပ်ဆရာတော်ဖြစ်သည့် ခလီဖာဦးသိန်းဝင်းအောင်က ပြောကြားသည်။

” ကျွန်တော်တို့မိတ်ဆွေအစိုးရ အဖွဲ့ဖြစ်ကျမှ လှည့်လည်ခွင့်မရခဲ့ဘူး” ဟု ခလီဖာဦးသိန်းဝင်းအောင်က ပြော ကြားသည်။

 

ဒီဇင်ဘာ ၃ရက်နေ့မနက်ပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် အတွင်း၌ ကျင်းပပြုလုပ်သည့် ဃရန် နာအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော မဟာတမန်တော်နေ့အခမ်းအနားတွင် ခလီဖာဦးသိန်းဝင်းအောင်က အထက် ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

” ယခင်အစိုးရအဆက်ဆက် တွင် တမန်တော်နေ့အခမ်းအနားတိုင်း ၌ ချီတက်လှည့်လည်ခြင်းများ၊ တမန် တော်ကိုမေတ္တာပို့သမှုများ ပြုလုပ်ခွင့် ရှိခဲ့သော်လည်း ယခုအစိုးရလက်ထက် တွင် ယခင်လောက်မရရှိခဲ့” ဟု၎င်းက ပြောကြားသည်။

တမန်တော်နေ့အခမ်းအနားကို မန္တလေးမြို့ရှိ ငြိမ်းချမ်းရေးအကျိုးလို လားသည့် ဆရာတော်ဦးခေမာနှင့် ဆရာတော်ဦးကာဝိရ(ဂဠုန်နီ)အပါအ ဝင် သံဃာအချို့တက်ရောက်ခဲ့ကြပြီး အမျိုးသားရေးလှုပ်ရှားသူအချို့က ၄င်းဆရာတော်များကို ဗုဒ္ဓဘာသာကို ကိုယ်စားမပြုသည့် သံဃာများဖြစ် ကြောင်း ဝေဖန်ပြောဆိုမှုကိုလည်း ခလီဖာဦးသိန်းဝင်းအောင်က ငြင်းဆို လိုက်သည်။

” ဒီဆရာတော်တွေက မန္တလေး မှာ တစ်ခုခုဖြစ်ပြီ ဆိုတာနဲ့အရှေ့က ထွက်တဲ့ဆရာတော်တွေဖြစ်တယ်။ ငြိမ်းချမ်းရေးအကျိုးလိုလားတဲ့ပုဂ္ဂိုလ် တွေဖြစ်တယ်။ သူတို့ကြောင့်ပဲ မန္တလေးကဘာမှမဖြစ်ခဲ့တာ” ဟု ခလီဖာ ဦးသိန်းဝင်းအောင်ကပြော ကြားသည်။

 

ထို့အပြင် တမန်တော်နေ့အ ခမ်းအနားများကို အသုံးချပြီး NLD အစိုး ရအား တိုက်ခိုက်နေခြင်းကို လည်း ခလီဖာဦးသိန်းဝင်းအောင်က တုံ့ပြန်ခဲ့ပြီး ယင်းလုပ်ရပ်သည် အမြင်ကျဉ်းမြောင်းသူများ၏ လုပ်ရပ်ဖြစ် ကြောင်းပြောဆိုခဲ့သလိုခေတ်အဆက် ဆက်ကျင်းပခဲ့သည့် မဟာတမန်တော် နေ့မွေးနေ့ပွဲအခမ်း အနားများကို LED ပရိုဂျက်တာဖြင့် ပြသပြီးသမိုင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: