ရာဇဝတ်ဘေးပြေးမလွတ်ခဲ့သော ဘော့စနီးယားဆာ့ဘ်တပ်မှူးဟောင်း မလာဒစ်သွေးပျက်ခဲ့ရသည့် နိုင်ငံတကာရာဇဝတ်ခုံရုံးမှ လူမျိုးတုံးသတ်ဖြတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်မှု

 

နေသူရိန်(မန္တလေး)

ရေးသားသည်။

 

၁။ လူမျိုးတုံးသတ်မှု စစ်ရာဇဝတ်မှုများဖြင့် မလာဒစ် အား ပြစ်ဒဏ်စီရင်မှု

ယခင်ယူဂိုဆလားဗီးယားဆိုင်ရာ နိုင်ငံတကာ ရာဇ ဝတ်မှု ခုံရုံးက ဘော့စနီးယားဆာ့ဘ်တပ်မှူးဟောင်းရတ်ကို မလာဒစ်အား ရက်ပေါင်း ၅၃ဝ ကြာ တရားရုံးကြားနာမှုတွင် မျက်မြင်သက်သေ ၅၉၁ဦးနှင့် သီးခြားရာဇဝတ်မှုဖြစ်ရပ် ၁ဝ၆ခုအတွက် အထောက်အထားပေါင်း ၁ဝဝဝဝကျော်ကို စစ်ဆေးပြီးနောက် လူမျိုး တုံးသတ်မှု၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်ပြစ်မှုပေါင်း ၁ဝခုအတွက် ထောင်ဒဏ်တစ်သက် တစ်ကျွန်း ပြစ်ဒဏ်ချမှတ်လိုက်သည်။ ဘောစနီးယား သားသတ်သမား ဒကြအခ့နမ သ်ျြေညငဒေဟု အမည်ပြောင်ပေးထားသော မလာဒစ်က အပြစ်ပေးအရေးယူခဲ့မှုများ၊ သုတ်သင်ရှင်းလင်းမှု၊ သတ်ဖြတ်မှုများ၊ နေရပ်မှ နှင်ထုတ်မှု၊ အရပ်သားများအပေါ် ဥပဒေမဲ့တိုက်ခိုက်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်သော အကျည်းတန်ဆုံး ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု တရားသူကြီး အလ်ဖွန်အိုရီးက စီရင်ချက်ကို ဖတ်ကြားခဲ့သည်။

စစ်ခေါင်းဆောင်ဟောင်း မလာဒစ်သည် ဆရီဘရန် နီကာမြို့မှ မွတ်စလင်များအား ရှင်းလင်းဖျက်ဆီးရန် ရည်ရွယ်ပြီး ဆာရာဂျေဗို မြို့တွင်လည်း ဗုံးကြဲတိုက်ခိုက်မှုများ၊ လက်ဖြောင့်သေနတ်သမား များဖြင့် ပစ်ခတ်မှုများနှင့် အရပ်သားများသေဆုံးစေရန် ကိုယ်တိုင် ညွှန်ကြားခဲ့ပြီး ဆာ့ဘ်လူမျိုးများသာ သီးသန့်ရှိရမည့် သမ္မတ နိုင်ငံထူထောင်လိုသည့် သဘောထားကို တရားရုံးတွင်ထောက်ပြ ပြောဆို ခဲ့ကြသည်။ စီရင်ချက်ချမှတ်ခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့ တရားခွင်တွင် မလာဒစ်က သန့်စင်ခန်းသွားရန် ခွင့်ထောင်းခဲ့ရာ တရားသူကြီးက ၅ မိနစ်ခွင့်ပြုခဲ့သည်ကို သူက ၄၅ မိနစ် ကြာမြင့် ခဲ့သည်။ တရားစီရင်မှု ပြန်လည် စတင်ရာတွင်လည်း သူ၏ ရှေ့နေက အမှုသည်မှ သွေးတိုး နေသည့်အတွက် စီ ရင်ချက်ကို မဖတ်ကြားရန် သို့မဟုတ် ဆုံးဖြတ်ချက်အား  ကျော်ဖတ်ပေးရန် တောင်းဆိုခဲ့သည်။ သို့ရာတွင် ကုလသမဂ္ဂတရားသူကြီးများက တောင်းဆိုမှုကို လက်မခံ သည့်အတွက် မလာဒစ်က အော်ဟစ်ခဲ့ရာ သူ့အား တရားခွင်မှခေါ် ထုတ်စေခဲ့ပြီး တရားခံမျက်ကွယ်တွင် ထောင်တစ်သက်တစ်ကျွန်း ချမှတ်သည့် စီရင်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယခင် တရားခွင် များတွင် ဆရီဘရန်နီကာမြို့မှ မွတ်စလင်လူကြီး လူငယ် ၈ဝဝ ခန့် အစုအပြုံ လိုက်သတ်ဖြတ်မှုမှာ လူမျိုးတုံးသတ်မှုမြောက်ကြောင်း သုံး သပ်ဖော်ပြခဲ့ပြီး ဖြစ်သည်။

တရားသူကြီး အလ်ဖွန်က ပြစ်မှုကျူးလွန်သူများမှာ ဆရီဘရန် နီကာမြို့တွင် နေထိုင်လျက်ရှိသော မွတ်စလင်များကို ရည်ရွယ်ချက် ရှိရှိ ဖျက်ဆီးပစ်ရန်ဖြစ်ကြောင်း ” လူသားမျိုးနွယ်တို့သိထားကြသည့် အကောက်ကျစ်အယုတ်မာဆုံး ကျူးလွန်ထားသော ပြစ်မှုအဆင့်ဖြစ် ပါတယ်” ဟု ပြောကြားခဲ့သည်။

 

ယခင် ယူဂိုဆလားဗီးယားမှဒုက္ခခံစားရသူ ထောင်ပေါင်း များစွာတို့ကာလရှည် စောင့်စားလာခဲ့ကြသည့် ဗုဒ္ဓဟူးနေ့ တရားစီရင်မှုကို တရားရုံးအပြင်ဘက် လူထုပေါင်းဒါဇင်များ စွာ စုဝေးရောက်ရှိခဲ့ကြပြီး လူအများအပြားမှာ သေဆုံးခဲ့ ရသူ သို့မဟုတ် ပျောက်ဆုံးခဲ့သူ ၇ဝဝဝထဲမှ ¤င်းတို့ချစ် မြတ်နိုးသူများ၏ ဓာတ်ပုံများ ကို ကိုင်ဆောင်ထားကြသည်။ လူအများအပြား အသတ်ခံခဲ့ရသည့် ဏမငနြိသမမှ ဆာဂျေဒါကာရာဘစစ်က ”ကျွန်တော်တို့ဝမ်းနည်း စိတ်ပျက်ရတာကတော့ ပရီဂျီဒါနှင့်အခြားနေရာငါးခုတို့မှာ လူမျိုးတုံးသတ်မှု ကျူးလွန်ခဲ့တယ်ဆိုတာ မလာဒစ်က ဝန်မခံခဲ့ဘူး၊ ပရီဂျီဒါမှာ လူ ၃၁၇၆ ယောက်သေခဲ့တာက အစုလိုက်အပြုံလိုက် သတ်ခံရမှုပါ။ ဒါကြောင့် ဂျီနိုဆိုဒ်ဖြစ်ခဲ့တာဆိုပြီး သက်သေပြဖို့ ကျွန်တော်တို့ လူ ၁ဝဝဝဝကျော် သတ်ခံပြရမလား၊ ဒီနေရာမှာ မုဒိမ်း မှုတွေ လူသတ်မှုတွေ စုပြုံနေခဲ့တာပါ။ ဒီဒေသမှာ လူသတ်ပြီး အလောင်းတွေ စုပြုံထားတဲ့ မြေဖို့ထားတာတွေအများကြီးပဲ၊ ဘယ်လို ပြစ်ဒဏ်ပဲပေးပေး သူ့အတွက်မလုံလောက်ပါဘူး” ဟု ပြောကြား သည်။

Investigators and forensic experts from the ICTY (International Criminal Tribunal for the former Yugoslavia) are working on top of a cluster of bodies, many of them with their hands tied in the back and many of them blindfolded, at a massgrave site outside the village of Pilica, some 55 km east of Tuzla in the Serb entity, 18 September. Dozens of bodies have appeared after the ICTY team started to excavate this gravesite, suspected to contain human remains of Moslem men fleeing Srebrenica after this eastern Bosnian enclave fell to Serbs in July 1995. Some 8,000 people are still listed as missing. AFP PHOTO (Photo credit should read ODD ANDERSEN/AFP/Getty Images)

ဆရီဘရန်နီကာဒေသခံ မူနီးရ်ဟဘီးဗိုဗစ်က ”ဒီလို အပြစ်ပေး လိုက်တာကို ကျေနပ်ပါတယ်၊ ကျွန်တော် ဒီထက်နည်းပြီး ပြစ်ဒဏ် ချမှတ်မယ်လို့ မျှော်လင့်မထားပါဘူး၊ မလာဒစ်က ဒေသခြောက်ခုမှာ လူမျိုးတုံးသတ်မှုအတွက် တာဝန်ရှိသူပါ”ဟု ပြောကြားသည်။ ဆာရာ ဂျေဗိုမြို့မှ သေဆုံးခဲ့ရသော မိဘများနှင့် ကလေးငယ်များဆိုင်ရာ အဖွဲ့ ကိုယ်စားဖိက်ရတ်မှပြောကြားရာတွင် ”မလာဒစ်အတွက် သူလုပ်ခဲ့တာတွေနဲ့ ထိုက်တန်တဲ့အပြစ်ပေးမှုဆိုတာ ရှိမှာမဟုတ်ဘူး၊ သူလုပ်ခဲ့တာတွေက ပြင်းထန်လွန်းလို့ပါ၊ ကလေးငယ် ၁၆ဝဝ အပါအဝင် ဆာရာဂျေဗိုမြို့က အရပ်သား တွေ သေဆုံးရမှုအတွက် သူထောင်ဒဏ်တစ်သက် ကျခံရမယ်ဆိုတာက အရေးကြီးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစီရင်ချက်က တစ်စိတ်တစ်ပိုင်းတော့ အားရကျေ နပ်စရာပါ”ဟု ပြောကြားသည်။

 

၂။ ဆရီဘရန်နီကာ လူမျိုးတုံးသတ်ဖြတ်မှုကြီး

ဘော့စနီးယားနှင့် အာဇီဂိုးဗီးနားအရှေ့ပိုင်းရှိ ဆရီဘရန်နီ ကာမြို့လေးတွင်၁၉၉၅ခုနှစ်၊ ဇူလိုင်၂၂ရက်မတိုင် မီရက်များက မွတ်စလင်၈ဝဝဝကျော် ရက်ရက်စက်စက်ကလေးပါမကျန် အရက် စက်ဆုံးနည်းလမ်းများဖြင့် ဆားဗီး ယားစစ်တပ်မှ သတ်ဖြတ်ခဲ့သည်။ ၁၉၉၅ နွေဦးရာသီတွင် ဘော့စနီးယားရှိ ကုလသမဂ္ဂတပ်ဖွဲ့များ၏ တပ်မှူးဗိုလ်ချုပ်ကြီးရူးပတ်စမစ်က ဘော့စနီးယားဆာ့ဘ်များ အနေ ဖြင့် ကုလသမဂ္ဂမှလုံခြုံဘေးကင်းရာဇုန်နယ်မြေအဖြစ်သတ် မှတ်ထားသည့်နေရာအား မကြာမီသိမ်းပိုက်လိမ့်မည်ဟု စတင်သတိ ပေးခဲ့သည်။ မည်သူကမှ ယင်းပြောဆိုချက်အား အတည်မယူခဲ့ကြ ပေ။ သို့ရာတွင်ပြင်းထန်သောကိုယ်ထိ လက်ရောက်ကျူးလွန်မှု များဖြစ်လာသည့် ၁၉၉၅ဇူလိုင် ၁၁ရက်နေ့တွင် ဆရီဘရန်နီကာ အစုအပြုံလိုက်သတ်မှုများဖြင့် ကောက်ကျစ်ယုတ်မာခဲ့ကြပြီး ဒုတိယကမ္ဘာစစ်အပြီး ဥရောပမြေပေါ်တွင် အဆိုးရွားဆုံးသော ရက်စက်မှုများဖြစ်လာခဲ့ကာ သတ်ဖြတ်ခံရသည့်အရေအတွက်မှာ ယနေ့အချိန်ထိထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်နေသည်။

စစ်ပွဲအတွင်း လူတစ်သိန်းခန့်သတ်ခံရမှုတွင် အများစုမှာ မွတ်စလင်များဖြစ်ကြသည်။ ဆရီဘရန်နီကာတွင် လူ ၈ဝဝဝကျော် ခန့်မှာ မွတ်စလင်ဖြစ်ခြင်းကြောင့်သတ်ခံလိုက်ရသည်။ ယင်းသို့ သတ်ဖြတ်မှုများမတိုင်မီ ဘော့စနီးယားဆာ့ဘ်စစ်ခေါင်းဆောင် ရတ်ကိုမလာဒစ်မှာ စစ်သားများနှင့်အတူ ရယ်မောနေခဲ့ပြီး သကြား လုံးများဝေငှပေးနေရင်း အရပ်သားများ စိတ်ပူပင်မှုမရှိကြဖို့ ပြော ကြားနေခဲ့သည်။ ယင်းသို့မြင်တွေ့ရသည့် ဗီဒီယိုမှာ မြင်တွေ့ဖူးသမျှ သွေး အေးအေးနှင့် လုပ်ဆောင်နေသည်ကို သိရသည်။ စစ်တပ် နှစ်ခုကြား စစ်ပွဲဆင်နွှဲနေခြင်းမဟုတ်ဘဲ အရပ်သားများကို တမင် တကာသတ်ဖြတ်ခြင်းဖြစ်သည်။ ဘော့စနီးယားဆာ့ဘ်များ၏ ရည်ရွယ်ချက်မှာ ယင်းနယ်မြေမှ အရပ်သားများကို အကြမ်းဖက် နည်းဖြင့် သတ်ဖြတ်ရန်ပြုရှင်းပစ်ကာဆာ့ဘ် လူမျိုးသီးသန့်နိုင်ငံတည် ထောင်လိုခြင်း ဖြစ်သည်။ ¤င်းတို့မှာ ပိုမိုကျယ်ဝန်းသော မဟာဆား ဘီးယား နိုင်ငံအဖြစ်ပူးပေါင်းရန်ပင် စိတ်ကူးရှိကြသည်။

 

အမေရိကန်နှင့် ဥရောပမှတာဝန်ရှိသူများက နှစ်ဖက်စလုံး အပြစ်ရှိသည်ဟုဆိုကာ ကြားဝင်ဖျန်ဖြေပြောလိုကြခြင်းမရှိဘဲ နောက်ဆုံးဆရီဘရန်နီကာ လူအစုအပြုံလိုက်သတ်မှုကသတ်သေပြ ဆိုခဲ့ချိန်ရောက်မှသာ အစိုးရများက ရပ်ကြည့်နေ၍မရတော့ပေ။ အမေရိကန်နှင့်ဗြိတိန်အစိုးရများမှာ ဆရီဘရန်နီကာဆာ့ဘ် များလက်အောက်ကျရောက်တော့မည်ကို ရက်သတ္တ ၆ပတ်အရင်က သိရှိထားပြီး ဖြစ်သော်လည်း လူမျိုးတုံးသတ်မှုကြီးအား မတုန်မလှုပ် ရပ်ကြည့်နေခဲ့သည့်သမိုင်းကျန်ရစ်ခဲ့သည်။ ၁၉၉၃ခုနှစ်တွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ လက်အောက်တွင် ဆရီဘရန်နီကာမြို့၌နေထိုင်သူများအား အကာအကွယ်ပေးမည်ဟု ကတိပြုထားသည်။ ဇူလိုင်လ ၆ရက်နေ့တွင် ဆားဗီးယားစစ်တပ်မှ ကျူးကျော်သိမ်းပိုက်ကာ ဇူလိုင်၁၁ရက်မှ ၂၂ရက်အတွင်ဘော့စနီး ယား မွတ်စလင်အမျိုးသားများနှင့်ကလေးများအား အရက်စက်ဆုံး လူမျိုးတုံးသတ်မှုဖြစ်ခဲ့သည်။ တွင်းကြီးများတူးပြီး မြှုပ်နှံခဲ့သည်။ မိခင် များရှေ့တွင်သားများကိုသတ်ဖြတ်ခဲ့ပြီး အမျိုးသမီးများကို မုဒိမ်းကျင့် ကာ ဖခင်၊ ခင်ပွန်း၊ အစ်ကို၊ မောင်၊ သားတစ်ဦး တစ်ယောက်မှ မကျန်အောင် အပြီးသတ်ဖြတ်ခဲ့ကြသည်။

 

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးမှ တရားသူကြီး ဖရော့ဒ် ရီယဒ်က ”ဒီအဖြစ်အပျက်တွေဟာ တကယ့်ငရဲ ခန်းကမြင်ကွင်းစစ်စစ် တွေပါ။ လူသားတွေရဲ့သမိုင်းမှာ ရေးသားခဲ့တဲ့ အမှောင်မည်းဆုံး စာမျက်နှာတွေပါ” ဟု ပြောကြားခဲ့သည်။

 

၃။ နိုင်ငံတကာရာဇဝတ်မှုခုံရုံးတွင် မလာဒစ်၏ နေ့စွဲများ

၁၉၉၅၊ ဇူလိုင်လ ၂၅ရက် ”နိုင်ငံတကာရာဇဝတ်မှု တရားရုံးက ရတ်ကိုမလာဒစ်နှင့် စစ်ဖြစ်ပွားချိန် ဘော့စနီးယားဆာ့ဘ်နိုင်ငံရေး ခေါင်းဆောင် ရာဒိုဗန်ကာရက်ဒ်ဇစ်တို့ အား လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုများ ဖြင့် စွဲချက်တင်ခဲ့သည်။

 

၂ဝဝဝခုနှစ်တွင် ဆားဘီးယားသမ္မတ မီလိုဆီဗစ်မှာ ဒီမိုကရေစီထောက်ခံရေးလူထုအြုံ<ွကမှုများကြောင့် ပြုတ်ကျသွားခဲ့ပြီး ဆက်ခံသူများက ယခင်ဆာ့ဘ်တပ်မှူးမလာဒစ်အား နိုင်ငံတကာ ရာဇဝတ်မှုတရားရုံးသို့လွှဲပြောင်းပေးရန်  လုပ်ဆောင်ခဲ့သည်။ တရား ရုံးမှ ရှေ့နေကာလာဒဲလ်က မာလာဒစ်နှင့် ကာရက်ဒ်ဇစ်တို့အတွက် ဖမ်းဝရမ်းအသစ် ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် မလာဒစ်မှာ ထွက်ပြေးပုန်းအောင်းနေခဲ့သည်။၂ဝဝ၆ခုနှစ်တွင် ဥရောပသမဂ္ဂမှ ဆား ဗီးယားအစိုးရအနေဖြင့် စစ်ရာဇဝတ်ကောင်များဖမ်းဆီးပေး ရန် ပျက်ကွက်မှုဖြင့်ဆက်ဆံရေးများ ဖြတ်တောက်ခဲ့သည်။ ၂ဝဝ၆၊ မတ်၁၁ရက်နေ့တွင် ဆားဘီးယားသမ္မတ ဟောင်းမီလိုဆီဗစ် ထောင်ထဲတွင်အမှုစစ်ဆေးမှုမပြီးဆုံးမီ ကွယ်လွန်ခဲ့သည်။

 

၂ဝဝ၈ခုနှစ်တွင် ဆားဗီးယားတာဝန်ရှိသူများက ဆာ့ဘ်နိုင်ငံ ရေးခေါင်းဆောင် ကာရက်ဒ်ဇစ်အား ဖမ်းဆီးပြီး ရာဇဝတ်မှုတရားခုံ ရုံးသို့လွှဲပေးခဲ့သည်။ ၂ဝ၁ဝ၊ ဇွန်လတွင် မလာဒစ်၏မိသားစုဝင် များက မလာဒစ်သေဆုံးသွား ကြောင်းကြေညာပေးရန် တရားရုံးသို့ တင်ပြခဲ့သည်။

 

အောက်တိုဘာ၂၈တွင် ဆားဗီးယားက မလာဒစ်အားဖမ်းဆီး နိုင်ရန် သတင်းပေးသူအား ဆုကြေးယူရို ၁ဝ သန်းထုတ်ခဲ့သည်။

၂ဝ၁၁၊ မေလတွင် ဆားဗီးယားတောင်ပိုင်း မြို့ငယ်လေးရှိ လယ်တောအိမ်ရာတစ်ခုတွင် မလာဒစ်အားဖမ်းဆီး ရမိခဲ့သည်။

 

မေလ ၃၁ရက်နေ့တွင် နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ ခုံရုံးသို့ မလာဒစ်အား လွှဲပြောင်းပေးခဲ့သည်။ ဇွန်လ ၃ရက်နေ့ တရားရုံး ကြားနာမှုတွင် မလာဒစ်ကသူ့အပေါ်စွဲချက် များမှာရွံရှာဖွယ်ရာ ကောင်းပြီး စက်ဆုပ်ကြောက်ရွံ့ဖွယ် စကားရပ်များသာဖြစ်သည်ဟု ထွက်ဆိုသည်။ ဇူလိုင်၎ရက် တရားစီရင်မှုတွင် တရားသူကြီးအလ်ဖွန် က မလာဒစ်အား သူ့အပေါ်စွဲချက်များကို နားထောင်ရန်ငြင်းဆန် နေသည့် အတွက် တရားရုံးစီရင်ကြားနာမှုအခန်းမှ အပြင်ထုတ်ခဲ့ သည်။

 

၂ဝ၁၂၊ မေလ ၁၆ရက်နေ့မှစ၍ အမှုတွဲများစစ်ဆေးမှု စတင်ခဲ့ပြီး ဇူလိုင်၁၉ရက် စစ်ဆေးမှုတွင် ပထမဆုံးသက်သေမှ ဘော့စနီးယားဆာ့ဘ်များ သတ်ဖြတ်ခဲ့သည့် လူ၁၅ဝထဲတွင် ဖခင်ဖြစ် သူပါဝင်ခဲ့သည်ဟု မြင်တွေ့ခဲ့ကြောင်းထွက်ဆိုသည်။

 

၂ဝ၁၃၊ ဧပြီလ ၁ဝရက်နေ့တွင် ကိုယ်တွေ့ကြုံခဲ့ရသူ တစ်ဦး၏ သက်သေထွက်ဆိုမှုကို မလာဒစ်က စိန်ခေါ်ခဲ့သည့်အတွက် တရား စီရင်မှုမှ မလာဒစ်အား ဆွဲထုတ်စေခဲ့ သည်။ ၂ဝ၁၆၊ ဒီဇင်ဘာလတွင် ရှေ့နေများက တစ်သက်တစ်ကျွန်းပြစ်ဒဏ်ပေးရန် လျှောက်ထားခဲ့ သည်။ ၂ဝ၁၇၊ မတ်လတွင် မလာဒစ်၏ရှေ့နေများက ဆေးကုသ ခွင့်ပြုရန်အတွက် မလာဒစ်အား ယာယီလွှတ်ပေးရန် တင်ပြမှုအား တရားရုံးမှပယ်ချခဲ့သည်။ ၂ဝ၁၇မတ်လတွင် မလာဒစ်၏ ရှေ့နေများ က ဆေးကုသခွင့်ပြုရန်အတွက် မလာဒစ်အား ယာယီလွှတ်ပေးရန် တင်ပြမှုအား တရားရုံးမှ ပယ်ချခဲ့သည်။ ၂ဝ၁၇၊ နိုဝင်ဘာ ၂၂ရက်၊ ဗုဒ္ဓဟူးနေ့တွင် နယ်သာလန် နိုင်ငံ The Hague မြို့ရှိယခင် ယူဂိုဆလားဗီးယားဆိုင်ရာ နိုင်ငံတကာရာဇဝတ်မှုခုံရုံးမှ ရတ်ကို မလာဒစ်အားပြစ်မှု ပေါင်း၁ဝခုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

Ref; CNN; Amanpour: The Srebrenca genocide was a defining moment

Reuters; Timeline: UN tribunal to give verdict in genocide frial of Rotko Mladic

Aljazeera; Ratko Mladic sentenced to life in prison for genocide.

 

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: