‘လူနည်းစုနိုင်ငံသားတွေကို ဖိနှိပ်နေမှုတွေရပ်ဆိုင်းဖို့ လက်ပံရွာကြွေးကြော်သံ ကမ္ဘာတိုင်ချီရမည်လော’

ကျော်နေမင်း (မြို့ပြ)

ရေးသားသည်။

 

နှစ်ပေါင်းများစွာ ပြစ်ဒဏ်တွေကိုခံစားခဲ့ရပြီး ယခုဒီမို ကရေစီ အစိုးရလက်ထက်မှာ မျှော်လင့်ချက်ရောင်ခြည် သန်းလာခဲ့ပြီဖြစ်တဲ့မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ လက်ပံ ရွာကရွာသူရွာသားတွေရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လာ မယ့်ရက်ကိုတစ်ရွာလုံးကစောင့်မျှော်နေကြပါတယ်။ ဒီအဖြစ် အပျက်ကိုလွန်ခဲ့တဲ့ ရက်သတ္တပတ်က လက်ပံရွာကို ကျွန် တော် ရောက်ရှိသွားခဲ့စဉ်သိမြင်၊ ခံစားခွင့်ရရှိခဲ့ပါတယ်။ စုစုပေါင်း (၁၆) ဦးဟာ အင်းစိန် (ရန်ကုန်)၊ အိုးဘို (မန္တလေး)၊ သာယာဝတီနဲ့ သရက်အကျဉ်းထောင်တွေမှာ လွန်ခဲ့တဲ့ ၂ဝဝ၃ ခုနှစ်ကတည်းကတိုင်အောင် ပြစ်ဒဏ် ကျခံနေကြရတာပါ။ စုစုပေါင်း ပြစ်ဒဏ်ခံရသူ (၂ဝ) ဦးအနက် (၃) ဦးဟာ လပိုင်းနဲ့ပြန်လွတ်လာပြီး (၁) ဦးဟာ ပြစ်ဒဏ်ခံစားရင်း ထောင်ထဲမှာပဲကွယ်လွန်သွားခဲ့တာပါ။ ထူးခြားတာက ကျောက်ဆည်အရေးအခင်းကြောင့် နှစ်ရှည် ထောင်ဒဏ်ကျခံနေရာကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန် လည်လွတ်မြောက်လာခဲ့တဲ့ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူဟာ သူလွတ်မြောက်ပြီး ရက်ပိုင်း အကြာမှာပဲ ဒီလက်ပံရွာကအကျဉ်းကျနေတဲ့ ရွာသားတွေ လွတ်မြောက်ရေးအတွက် စတင်ကြိုးပမ်းခဲ့တယ်ဆိုတာပါပဲ။ အဲဒီတုန်းက အကျဉ်းထောင်ကလွတ်လာကာစ ဦးဝီရသူက အကျဉ်းကျနေတဲ့ လက်ပံရွာက ကျန်ရစ်သူတွေရဲ့ မိသားစု ဝင်တွေနဲ့တွေ့ပြီး အင်တာဗျူးတွေလုပ်ခဲ့ပါတယ်။ နောက် ပိုင်း မန္တလေး၊ (ဗ.က.သ) က ကိုရဲရင့်ကျော်တို့ရဲ့ ဆက် သွယ်ပေးမှုနဲ့ အတူမြစ်မခသတင်းဌာနက ကိုမင်းမင်းလတ် (FridayTimes ဂျာနယ်အယ်ဒီတာချုပ်) ရဲ့ စီစဉ်ပေးမှုနဲ့ မြန်မာ-မွတ်စလင် အဖွဲ့အစည်းကခေါင်းဆောင် တချို့ နဲ့တောင် ဘာသာပေါင်းစုံငြိမ်းချမ်းရေးတွေ ဘာတွေလုပ်ခဲ့ ပါသေးတယ်။ ”လက်ပံရွာက လူတွေကိုမလွှတ်ရင် ကျုပ်ကို ထောင်ထဲပြန်ပို့ပါ” ဆိုတဲ့ ဦးဝီရသူကိုယ်တိုင် ကိုင်ဆောင် ခဲ့တဲ့ဗီနိုင်းကားချပ်ကြီးက သမိုင်းသက်သေပဲလေ။

 

ကျောက်ဆည်မြို့ရဲ့ တောင်ဘက်နားက လမ်းခွဆိုတဲ့ ရွာလေးဟာ လယ်ယာကိုင်းကျွန်းလုပ် ကိုင်စားသောက်ကြ ပြီး ဖား၊ ငါးရှာတဲ့တံငါသည်တွေလည်းရှိပါတယ်။ အစ္စလာမ် ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ ရှေးဦးမဆွကပင် အတူတွဲပြီးနေလာခဲ့တဲ့ ဒီရွာလေးကို ၂ဝ၁၃ ခုနှစ်ရဲ့ အောက်တိုဘာ ၁၁ ရက်နေ့လောက်မှာအကြမ်းဖက် ဆူပူသူတချို့က အမုန်းတရားတွေဖန်တီးပြီး ဘာသာရေး ခွဲခြားမှုတွေလုပ်ရာကအစ အကြမ်းဖက်မီးရှို့၊ လုယက်မှု တွေစတင်လုပ်တော့တာပါပဲ။ ရွာမှာရှိတဲ့ အစ္စလာမ်ဘာသာ ဝင်တွေဝတ်ပြုတဲ့ ဝတ်ကျောင်းတော် (ဗလီ) ကိုခဲနဲ့ပေါက်၊ မီးရှို့ပြီး၊ အစ္စလာမ်ဘာသာဝင်တွေ အိမ်ကိုသာရွေးချယ်ပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ မီးမရှို့ခင်မှာ အိမ်ရှိပစ္စည်းတွေ အပါ အဝင် အိမ်မိုးထားတဲ့သွပ်ပြားတွေပါ ခွာယူကြတဲ့ အဖြစ် အပျက်မှာ ဒီနေ့ရခိုင်မြောက်ပိုင်းဒေသမှာ ဒေသခံတွေရဲ့ အိမ်မှာရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ ကျွဲ၊ နွားတွေ ကို ဆွဲယူငင်လုယက်သွားကြတဲ့ ဗီဒီယိုဖိုင်တွေကို မြင် တွေ့နေရတဲ့အတွက် အဆန်းတကြယ်တော့ မဟုတ်လှပါ ဘူး။ ဒီလိုလုယက်မီးရှို့ခံရပြီး ဒီရွာကိုဖယ်ရှား ရှင်းလင်း ဖို့အတွက်နေရာရွေးချယ်ခိုင်းတဲ့ ထိုစဉ် မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်ဟာ လမ်းခွဒေသခံဒေါက်တာ ဦးသန်းအောင် ရဲ့နာကျည်းဖွယ်ရာ ရှင်းလင်းတင်ပြအပြီးမှာ လက်လျော့ခဲ့ ပါတယ်။ ဒါကြောင့်လည်း လမ်းခွဟာ ဒီနေ့ထက်တိုင် တည်ရှိနေခဲ့တာပါ။ ဒေါက်တာသန်းအောင်ရဲ့ပြောစကား တွေနဲ့လုပ်ဆောင်ချက်တွေဟာ ကာယကံရှင်ရဲ့ခွင့်ပြုချက် မရတဲ့အတွက် ထုတ်ဖော်မရေးသားနိုင်ပေမယ့်”ဒီလိုဖျက် ဆီးနေတာတွေဟာ စနစ်တကျနဲ့စီမံနေတာပါ၊ ယခင်လည်း ရှိခဲ့ပါတယ်၊ နောက်လည်းဖြစ်လာဦးမှာပါ” ဆိုတဲ့အဓိပ္ပာယ် သက်ရောက်တဲ့စကားလုံးတွေ အတိုင်းပဲမကြာမီ အချိန်မှာ ကျောက်ဆည်မြို့ရဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်၊ ဆိုင်ခန်းတွေ လုယက်မီးရှို့ခံရရုံမက အသက်အန္တရာယ် တွေပါ ကျရောက်ခဲ့လို့ ၁၉.၁ဝ.၂ဝ၁၃ ခုနှစ်မှာဖြစ်ပွားခဲ့ တဲ့ ကျောက်ဆည်အရေးအခင်းဟာ ထင်ရှားလှပါတယ်။ ကျောက်ဆည်မြို့ရဲ့ မြောက်ဘက်စူးစူးမှာရှိတဲ့ အစ္စလာမ် ဘာသာဝင်များနေထိုင်ရာ လက်ပံရွာကိုလည်း မကြာမီမှာ လာရောက်မီးရှို့ဖျက်ဆီးတော့မယ်ဆိုတဲ့ မှန်တတ်တဲ့ ကောလဟလ သတင်းတွေကြောင့်အခုထောင်ထဲမှာ နှစ်ရှည်ထောင်ဒဏ်ခံနေရတဲ့၊ ထိုစဉ်ကရပ်/ကျေး ဥက္ကဋ္ဌ ဦးကြီးမောင်ကိုယ်တိုင် ရွာခံတွေနဲ့နေ့ညမအား လုံခြုံရေး အတွက်စီမံပြီး ကျရောက်လာမယ့် အန္တရာယ်ကို ရင်တမမနဲ့ စောင့်မျှော်နေကြရတာပါ။

 

အကျဉ်းချုပ်ပြီး တင်ပြရမယ်ဆိုရင်တော့ရွာထဲကို မနက်ဝေလီဝေလင်းမှာဝင်လာတဲ့ လမ်းပြဆိုင်ကယ်သမားနဲ့ ဘုန်းတော်ကြီးတစ်ပါးကို ထိုစဉ်က မီးရှို့ပြီးလိုက်လံဖျက်ဆီး နေတဲ့ သင်္ကန်းဝတ်တွေလားဆိုတဲ့ ကြောက်ရွံ့စိတ်၊ သံသယ စိတ်တွေနဲ့စစ်လားဆေးလား လုပ်ရင်းနဲ့ စီမံကွပ်ကဲမှုမရှိတဲ့ သာမန်ရွာသားတချို့ရဲ့ စိတ်လွန်ကဲပြီး စိုးရိမ်မှုနဲ့တိုက်ခိုက်ရာ ကနေ လက်လွန်ခြေလွန်ဖြစ်ခဲ့ကြပါတယ်။ အစိုးရအဖွဲ့ရဲ့ အခြေခံအကျဆုံး ယန္တရားဖြစ်တဲ့ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ရဲ့ စီမံမှုအောက်မှာရှိခဲ့ပေမယ့် တကယ်ဖြစ်လာ တဲ့အခါမှာ ကျူးလွန်သူတွေကိုသာ အရေးယူမှာဖြစ်ပေမယ့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေကိုပါ ပြစ်မှုထဲ ဆွဲသွင်းခဲ့ရတဲ့ ဖြစ်ရပ်ဟာ မြန်မာပြည်တစ်လွှားမှာရှိတဲ့ လူနည်းစုနိုင်ငံသား အစ္စလာမ်တွေရဲ့ အမှုအခင်းတွေဖြစ်တဲ့

(၁) ဖိုးလုံး (ခ) စိုးဇော်ထွေးပါ (၁၁) ဦး မန္တလေးအိုးဘိုထောင်

(၂) မောင်မောင်လွင် (ခ) ကျော်မင်းလွင်ပါ (၈) ဦး ရန်ကုန်အင်းစိန်ထောင်

(၃) ဇော်မင်းထွေး (ခ) ဇော်လေးပါ (၇) ဦး မန္တလေးအိုးဘိုထောင်

(၄) ဦးကောင်းရှင်ပါ (၂ဝ) ဦး ပုသိမ်၊ မြောင်းမြ၊ တောင်ကြီးထောင်များ

(၅) စိန်ရွှေပါ (၅) ဦး  အင်းစိန်အကျဉ်း        ထောင် …. တို့နဲ့အတူ

(၆) ဦးကြီးမြင့်ပါ (၁၆) ဦး အင်းစိန်၊ အိုးဘို၊ သရက်၊ သာယာဝတီထောင် တို့ရဲ့ဖြစ်ရပ်ဟာ အတူတူပါပဲ။ လက်ပံရွာသားတွေကိုပုဒ်မ ၃ဝ၂ (၁) (ခ)/၁၄၉/၅ (ည) တွေနဲ့အတူ နှစ်ရှည်ထောင်ဒဏ်၊ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ ပါတယ်။ အမှုဖြစ်စဉ်အတွင်းမှာ အကျိုးဆောင် ရှေ့နေ ငှားရမ်းခွင့် ဆုံးရှုံးခဲ့သလို စစ်ဆေးစဉ်ကာလမှာ အဓမ္မ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် ထွက်ဆိုခဲ့ရတဲ့ စစ်ချက် တွေကိုသာ အတည်ပြုခဲ့ပါတယ်လို့ သူတို့တစ်တွေရဲ့ အယူ ခံလျှောက်လွှာမှာ ဖော်ပြထားတာလည်း တွေ့ရပါတယ်။ အဆင့်ဆင့်အယူခံတွေဟာပယ်ချခံရပြီးတော့သူတို့တစ်တွေ ဟာ လက်လျော့ပြီး၊ ခက်ခဲကြမ်းတမ်းစွာနဲ့ အကျဉ်းသား ဘဝတွေကို ကျော်ဖြတ်နေကြရာရှာပါရဲ့၊ လွတ်နိုး၊ လွတ်နိုး နဲ့မျှော်လင့်ရင်း ဘယ်သူဘယ်ဝါတွေနဲ့ ကူညီပေးမယ်ဆိုတဲ့ လိမ်ညာမှုတွေအကြား အပြင်မှာရှိတဲ့ ရိုးသားတဲ့ ကျန်ရစ် သူအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဟာ မွဲပြာကျကုန် ကြပါပြီ။

 

အိမ်ခြေထောင်ကျော်ရှိတဲ့ လက်ပံရွာကြီးဟာ အပူပိုင်းဒေသမှာ ဖွံ့ဖြိုးမှုနောက်ကျနေခဲ့ရပါတယ်။ တောင်သူ၊ တံငါနဲ့မွေးမြူရေးအလုပ်တွေလောက်သာ လုပ် ကိုင်ကြပြီး ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုသူ နည်းပါးလှပါတယ်။ ထူးခြားချက်တစ်ခုကတော့ ရွာရဲ့ တောင်ဘက်ပိုင်းမှာ ယခင်ကရွာရဲ့မူးဘေး (မြစ်ကမ်းဘေး) မှာ ကပ်ပြီးနေကြရရှာတဲ့ ဆင်းရဲသားတွေအတွက် တော ဓလေ့ ပုံစံအိမ် (၃ဝ) လောက်စနစ်တကျနေရာချထားပြီး ပျိုးထောင်ပေးထားတာပါပဲ။ မြန်မာပြည်ရဲ့ ပထမဦးဆုံး သော ဆင်းရဲသားအိမ်ရာစီမံကိန်းတောင် ဖြစ်ဖို့များပါ တယ်။ ရန်ကုန်၊ မန္တလေး (လမ်းဟောင်း) ယခင်ကားလမ်းမ ကြီးနဲ့ ဆက်သွယ်ဖို့အတွက် ကိုယ့်အားကိုယ်ကိုးပြီး သိန်း (၇ဝဝ) ကျော်တန်တဲ့ကွန်ကရစ်တံတားကို ဆောက်လုပ် ခဲ့ပါသေးတယ်။ မန္တလေးနဲ့မြို့ကြီးတချို့က မိတ်ဆွေတချို့ရဲ့ ပံ့ပိုးမှုနဲ့ ဝိုင်းဝန်းပြီး တည်ဆောက်ခဲ့ကြတာပါလို့ ရပ်မိ ရပ်ဖ ဒေါက်တာဦးသန်းအောင်ကပြောခဲ့ပါတယ်။ ကျွန်တော် လက်ပံရွာကို ရောက်နေတဲ့အခိုက်မှာ ရွာရဲ့လမ်းမကြီး တစ်ခုသာ ကတ္တရာလမ်းအနေနဲ့ရှိပြီး ရွာတွင်းလမ်းတွေကို ကျောက်တွေခင်းနေတာကို တွေ့ရပါတယ်။ တကယ်တော့ လမ်းတွေကို ကားနှစ်စီးစာလောက်ချဲ့ထွင်ပြီး မီးရေးထင်း ရေးအတွက်လုပ်ဆောင်ချင်ပါတယ်။ မီးသတ်ကားကြီး ဝင်မရတဲ့ အတွက်ကြောင့် ဂါလန် (၅ဝဝ) ဆံ့ ရေဘောက် ဆာ မီးသတ်ယာဉ်နှစ်စီးလောက်လုပ်ဖို့ စီစဉ်နေတယ်လို့ လက်ပံရွာအုပ်ချုပ်ရေးမှူး ဦးအောင်စိုးက ကျွန်တော့်ကို ရှင်းပြပါတယ်။ တစ်ချိန်ကရွာမှာ မီးအကြီးအကျယ်လောင် ဖူးပြီး၊ လမ်းကျဉ်းတဲ့အခက်အခဲကြောင့် ပိုမိုဆိုးဝါးစွာ မီးဒဏ်ခံခဲ့ရကြောင်း မီးဘေးမသင့်ဘဲ တစ်အိမ်တည်း ထီးထီးကျန်ခဲ့တဲ့ အိမ်တစ်လုံးကို လက်ညှိုးထိုးပြရင်း ရွာသားတစ်ဦးဖြစ်သူ ဦးဂျဖားကကျွန်တော့်ကို ရှင်းပြ ပါတယ်။ တစ်ခါကလူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးခဲ့တဲ့ တစ်ကိုယ်တော်မီးသတ်ဆော်သြရေးမှူး ကိုမောင်မောင် သန်းကိုတွေ့ဆုံခဲ့ရပြီး မီးဘေးပေါ့ဆမှုကို သတိပြုလာစေ ရန် ကိုယ်ပိုင်အရင်းအနှီးဖြင့် မန္တလေးထိတိုင် မီးဘေး အန္တရာယ် ကင်းဝေးရေး လုပ်ဆောင်ချက်တွေကိုသိခဲ့ရပြီး သူ့ရဲ့လုပ်ရပ်တွေကို နိုင်ငံတစ်ဝှမ်း အားကျအတုယူစေချင် ပေမယ့်လည်း နိုင်ငံသားအစ္စလာမ်မှန်းသိနေတဲ့အတွက် ခွဲခြားပြီးဆက်ဆံခဲ့တဲ့ ရုပ်သံ၊ သတင်းမီဒီယာတွေရဲ့ အမည် တွေ ကြားရတော့ မအံ့သြမိတာအမှန်ပါ။

 

အကျဉ်းကျနေတဲ့ လက်ပံရွာသားတွေရဲ့ ယူဆချက် ကတော့သူတို့တစ်တွေဟာ (၁၄) နှစ်တာကာလကို ဖြတ် ကျော်ခဲ့ကြပြီး ထောင်လွတ်ရက်စေ့နေပြီဖြစ်လို့ မကြာမီ လွတ်တော့မယ်လို့ စောင့်မျှော်နေပါပြီ။ သူတို့တတွေကို ချမှတ်တဲ့ပြစ်ဒဏ်ထဲမှာ ၃ဝ၂ (၁) (ခ)/၁၄၉ အပြင် ၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေဖြစ်တဲ့ ပုဒ်မ ၅ (ည) လည်း တစ်ခုအပါအဝင်ဖြစ်တာကြောင့် ယခု ဖျက်သိမ်းထားပြီး ဖြစ်တဲ့ပုဒ်မနဲ့ မတရားဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရတဲ့တစ်ချိန်က အကျဉ်းသားဘဝဖြစ်ခဲ့ပြီး ယခုအခါ နိုင်ငံတော် ခေါင်းဆောင်တွေဖြစ်နေကြတဲ့ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ သမ္မတကြီး ဦးထင်ကျော်အပါအဝင် ယခုနောက်ဆုံးဖွဲ့စည်း လိုက်တဲ့ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့ဥက္ကဋ္ဌ ရှေ့နေကြီး ဦးဥာဏ်ဝင်းတို့ဟာ ဒီလိုမတရားသဖြင့် ဖမ်းဆီးအရေးယူခံထားရတဲ့ နိုင်ငံ သားတွေအတွက် ဆောင်ရွက်ပေးကြမယ်ဆိုတာကို မျှော် လင့်နေပါတယ်။ အလားတူပဲ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်နေတဲ့မြန်မာ့ တပ်မတော်ခေါင်းဆောင်တွေဖြစ်တဲ့ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမြထွန်းဦးအပါအဝင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးကျော်ဆွေကဲ့သို့သော ပုဂ္ဂိုလ်များကလည်း ဒီရွာသားတွေရဲ့ လွတ်မြောက်ရေး အတွက် ထောက်ခံပေးကြလိမ့်မယ်လို့ ယုံကြည်နေကြ ပါတယ်။ ဒီယုံကြည်ချက်ကြောင့် သူတို့တစ်တွေ အားလုံး ကို စာနာထောက်ထားကြတဲ့ လက်ပံနယ်အတွင်းရှိ နိုင်ငံ့ ဝန်ထမ်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ အသိပညာရှင် များ၊ အကျဉ်းကျခံမိသားစုဝင်များနှင့် ရွာသူရွာသားများ အားလုံးကို လက်မှတ်ရေးထိုးလျှက် စုပေါင်းတောင်းဆို အသနားခံကြတဲ့ စာရွက်တွေကို စုဆောင်းရင်း မောပန်းတဲ့ ကြားက ပြုံးပြရှာတဲ့ လက်ပံရွာကတောင်သူကြီး ”ကိုစိုး” ရဲ့ ရိုးသားတဲ့အပြုံးအောက်မှာ ဒီပုဂ္ဂိုလ်တွေအားလုံးအတွက် ”လွတ်ငြိမ်းချမ်းသာခွင့်” ဆိုတဲ့ မျှော်လင့်ချက်ရောင်ခြည်ကို တွေ့လိုက်ရပါတယ်။ ဒါဟာ တကယ်တော့လက်ပံရွာရဲ့ ကြွေးကြော်သံပါပဲ။

 

ဒီဆောင်းပါးရဲ့အစပိုင်းမှာ ကျွန်တော်ရေးသားခဲ့တဲ့ မြန်မာပြည်တစ်ဝှမ်းက ထင်ရှားတဲ့ မှုခင်းတွေနဲ့ ပြစ်ဒဏ်ကျ ခံနေကြရရှာတဲ့ လူနည်းစုနိုင်ငံသား အစ္စလာမ်တွေရဲ့ အမှုတွေအားလုံးကို လေ့လာကြည့်တဲ့အခါမှာ အများအား ဖြင့် ညှဉ်းပန်းစစ်ဆေးစဉ် ကာလထွက်ချက်များကိုသာ အတည်ပြုထားခြင်း၊ မူလအစစီရင်မှုများတွင် အကျိုး ဆောင် ရှေ့နေငှားရမ်းခွင့်မရဘဲ အမိန့်စာဖတ်ပြ စီရင်ခြင်း၊ ပြစ်မှု တစ်ခုတည်းပေါ်တွင် ပုဒ်မများဖြင့် ထပ်ခါ ထပ်ခါစွဲချက်တင်ခြင်း၊ စွဲချက်တင်ပြီးသား အမှုများကို မိတ္တူကူး၍ နိုင်ငံတော်ပုန်ကန်မှုကဲ့သို့သော ပုဒ်မ ၁၂၂ စွဲချက်မျိုးဖြင့် တရားစွဲဆိုထားခြင်းများ ပြုလုပ်ထားရာ ယခင်ကာလများက ရှိခဲ့သော ချို့ယွင်းနေသော တရားစီရင် ရေးစနစ်ကို မီးမောင်းထိုးပြလျှက်ရှိနေခဲ့ပါတယ်။ ယခုအခါ နိုင်ငံတစ်ဝှမ်းလုံးမျှော်လင့်နေကြသော ဖြောင့်မတ်မှန်ကန် သည့်တရားစီရင်မှု၏ အနှစ်သာရကို ခံစားထိုက်သူများ အဖြစ်ဖော်ပြခဲ့တဲ့ အမှုများမှ ပြစ်ဒဏ်ကျခံနေသူများ အပါအဝင် လက်ပံရွာသားများအားလုံးကို အမြန်ဆုံး လွတ်ငြိမ်းခွင့် ပေးစေလိုပါတယ်။ တစ်ဆက်တည်းမှာပဲ ယနေ့ ကမ္ဘာကျော်နေပြီဖြစ်တဲ့ ရခိုင်မြောက်ပိုင်း အရေး အပေါ် အခြေခံတဲ့ ပြဿနာရပ်တွေကနေ Genocide တို့ YEthnic Cleansing တို့ရဲ့အသံတွေကျယ်လောင် လာပါပြီ။ ထို့အတူEU  နိုင်ငံတွေရဲ့ စွပ်စွဲချက်တစ်ခုမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေသာမက ပြည်တွင်း မှာလည်း မြန်မာ-မွတ်စလင်တွေအပေါ်မှာလည်း ဘာသာ ရေးဖိနှိပ်မှု၊ နိုင်ငံသားစိစစ်မှုကိစ္စရပ်များ၊ ပညာရေးနဲ့အလုပ် အကိုင်ဆိုတဲ့ ကိစ္စရပ်များမှာ ခွဲခြားဖိနှိပ်မှုအပါအဝင် ယခု လိုနှစ်ရှည်ပြစ်ဒဏ်နဲ့ ထောင်ဒဏ်တွေ ချထားခြင်းတွေကို လည်းထောက်ပြ ပြောဆိုမှုများရှိလာခဲ့ပါပြီ။ ဒါကြောင့် နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေ အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ စစ်မှန်တဲ့ ငြိမ်းချမ်းမှု တည်ဆောက်ရေးနဲ့ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိတဲ့နိုင်ငံ တစ်ခုအဖြစ်ရပ်တည်ရေးအတွက် လူမျိုး၊ ဘာသာမခွဲခြား ဘဲ တန်းတူညီမျှတဲ့ နိုင်ငံသားတို့ရဲ့ အခွင့်အရေးတွေကို ဂရုစိုက်ဖို့လိုအပ်လာပါပြီ။ အထူးသဖြင့် နှစ်ရှည်လများ ဒုက္ခခံစားနေရတဲ့ လူနည်းစုတွေရဲ့ ခံစားချက် အသံတွေ ကိုနားထောင်ပေးပြီး၊ ဖြေသိမ့် ကူညီဆောင်ရွက်ပေးဖို့ အတွက်အချိန်ကျရောက်နေပါပြီ။ လက်ပံသားတို့ရဲ့ ကြွေး ကြော်သံ ကမ္ဘာချီသည်အထိမစောင့်ဆိုင်းသင့်ပါ။

 

ရွာဘုန်းတော်ကြီးကျောင်းက အာရုဏ်တက်အုန်း မောင်းခေါက်သံနဲ့ မရှေးမနှောင်းမှာဘဲ ဗလီဝတ်ကျောင်း တော်က ဝတ်ရွတ်ဖိတ်ခေါ်သံကို ကြားရတဲ့အခိုက် လက်ပံ ရွာရဲ့မနက်ခင်းစောစောကို ဖြတ်သန်းရတဲ့ အနှစ်သာရဟာ မတူကွဲပြားပေမယ့် မခြားနားကြတဲ့ နိုင်ငံသားတွေရဲ့ သရုပ် သဏ္ဍာန် အမှန်ကိုကြားသိလိုက်ရသလိုပါပဲ၊ ငြိမ်းချမ်းရေး ဆုတောင်းသံတွေ ပြန်လည် တည်ဆောက်နေကြတဲ့ ချစ် ကြည်ရင်းနှီးမှုတွေဟာ ရှေးနှစ်ပေါင်း ထောင်ချီကတည်းက ရှိခဲ့တဲ့ တမြေတည်းနေ၊ တစ်ရေတည်းသောက်ကြတဲ့၊ အေး အတူ ပူအမျှနိုင်ငံဝန်ကိုထမ်းခဲ့ကြတဲ့ တူညီမျှတတဲ့ နိုင်ငံသားဘဝကို ပြန်လည်တည်ဆောက်ဖို့ အရေးကြီး နေပြီဆိုတာကိုပြသနေခဲ့ကြပါပြီ။ ထိုနည်းတူစွာ ဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရာမှာ ကျရာနေရာကနေ ပါဝင်တည်ဆောက်ကြဖို့ လက်ပံရွာက စာနာထောက်ထားကြတဲ့ ရွာသူရွာသားတွေ အားလုံးက ဦးကြီးမောင်အပါအဝင် ပြစ်ဒဏ်ခံသူတို့ရဲ့ရွာသား (၁၆) ဦးစလုံးကို စော့်မျှော်နေကြရတဲ့နေ့ရက်တွေ အမြန်ချုပ်ငြိမ်း ပါစေလို့ဆန္ဒပြုရင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးက အကျဉ်း ထောင်တွေထဲ ရောက်နေကြတဲ့ လူနည်းစုနိုင်ငံသား အစ္စလာမ်တွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ် မှာ ထည့်သွင်းပေးဖို့အတွက် အားလုံးရဲ့ကိုယ်စား နိုင်ငံ့ ခေါင်းဆောင်များကို တိုက်တွန်းရေးသားလိုက်ရပါတယ် ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: