ရွှေပြည်သာစက်မှုဇုန်မှ အထည်ချုပ်စက်ရုံမီးလောင်မှု မီးသတ်ကား ၂၄ စီးဖြင့် ငြိမ်းသတ်ခဲ့

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် စက်မူဇုံ(၁)ရှိ Super Me Asia အထည်ချုပ်စက်ရုံ ဖေဖော်ဝါရီ (၂၁) ရက် နံနက်(၄း၅၅)နာရီခန့်တွင် မီးလောင်ကျွမ်းခဲ့သဖြင့် မီးသတ်ကား(၂၄)စီး သွားရောက်ငြှိမ်းသတ်ခဲ့ရကြောင်း ရွှေပြည်သာမြို့နယ် မီးသတ် တပ်ဖွဲ့မှ သိရှိရသည်။
အဆိုပါ မီးလောင်မှုမှာ စွန့်ပစ်ဆေးလိပ်မီးမှတဆင့် စက်ရုံသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး (၅း၅၅)နာရီခန့် အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကာ မီးလောင်မှု အဆင့် level 1 ဖြစ်ကြောင်း ရွှေပြည်သာ မြို့နယ် မီးသတ်ဦးစီးမှ သိရသည်။

“ဆုံးရှုံးမှုတန်ဖိုးက အတွင်းဘက်က နှစ်သိန်းနဲ့ အပြင်ဘက်က ငါးသောင်းရှိတယ်လို့တွက်ချက်ရပါတယ်။ စွန့်ပစ် ဆေးလိပ်မီးကြောင့် စက်ရုံသို့ ကူးစက်မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။”ဟု ရွှေပြည်သာမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ရွှေပြည်သာမြို့နယ် စက်မှုဇုန်(၁)ရှိ (၁)ရပ်ကွက်၊ မြေတိုင်း ၃၀ အမှတ် ၄၄၊မြေကွက်၊ အင်ကြိုင်မြိုင်လမ်းနှင့် စက်မှုလမ်းထောင့်တွင် တည်ရှိပြီး မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ကား(၂၄)စီး၊ အုပ်ချုပ်မှုယာဉ်(၄) စီး၊ မီးသတ်အင်အား (၁၇၀)၊ အရံအင်အား (၅၀)၊ ကြက်ခြေနီယာဉ် တစ်စီးနှင့် ကြက်ခြေနီလူအင်အား (၂၀)ဖြင့်လာရောက်မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
“မနက် ၅နာရီ ၅၅မိနစ်မှ မီးငြိမ်းသတ်နိုင်သွားတယ်။ တရုတ်ပိုင် ကုမ္ပဏီပါပဲ။”ဟု ရွှေပြည်သာမြို့နယ် စည်ပင် ဌာနလက်ထောက်အုပ်ချုပ်ရေးမှူး ဖြိုးဝေအောင်က ပြောသည်။
အဆိုပါ မီးလောင်မှုအတွက် ရွှေပြည်သာရဲစခန်းမှ ပုဒ်မ ၁၉၄/၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: